❝ Gmail App ကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တဲ့ Google ❞
Gmail ဆိုတာ ကျနော်တို့ နေ့စဥ◌်သုံးနေကျ ရိုးရှင်းလွယ်ကူပီး၊ အသုံးပြုရတာ အဆင်ပြေတဲ့ Google ရဲ့ Mail App တခုပါ။ပီးခဲ့တဲ့ရက်ပိုင်းက Google ကနေပီး Gmail ကိုဖျက်သိမ်းဖို့ကြေငြာလိုက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ Gmail အစား၊ ❝G Suite❞ ဆိုတဲ့ Mail, Chat, Rooms and Meet စတဲ့ Features တွေပေါင်းထားတဲ့ Program တခုကို အစားထိုးဖို့အတွက်ပါ။ Google ရဲ့အဆိုအရ
ရိုးရှင်းလွယ်ကူပီး၊ Multitasking အတွက် အရမ်းအဆင်ပြေမယ်လို့ဆိုပါတယ်၊ သူ့ရဲ့အဓိကရည်ရွယ်ချက်က မတူညီတဲ့ Communication Platform Component တွေကို G-Suite တခုထဲကနေပဲ Access လုပ်နိုင်အောင်လို့ပါ။ တော်တော်လေးကိုအသုံးတည့်လိမ့်မယ်လို့လည်းမြင်မိပါတယ်၊ iOS အတွက်လည်းရမယ်လို့ပြောထားပါတယ်(နည်းနည်းတော့နောက်ကျနိုင်)
Gmail နဲ့ ရင်းနှီးနေကြတဲ့ကျနော်တို့အနေနဲ့ Google ရဲ့နောက်ထပ်အပြောင်းအလဲတခုနဲ့ အသားကျနိုင်ပါ့မလားဆိုတာ . . .
Comments
Post a Comment