Skip to main content

Posts

Showing posts from January, 2022
    iPhone SE 3rd Gen မတ်လထဲထွက်လာတော့မှာလား ??     Apple က iPhone SE ရဲ့ ပထမဆုံးမော်ဒယ်ကို  2016,March လမှာစတင်ပြီး မိတ်ဆက်ခဲ့ပါတယ်။ ‌သေးငယ်ကျစ်လစ်ပြီး၊ ဈေးသက်သာတဲ့ iPhone ကိုင်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်ခဲ့တဲ့ SE Series ကို 1st Gen ထွက်ပြီး ၄နှစ်အကြာမှာ iPhone SE 2nd Gen ထွက်လာခဲ့ပါတယ်၊ Price to Performance ကောင်းကောင်းနဲ့ တော်တော်များများကြိုက်ခဲ့တဲ့ iPhone SE ရဲ့ 3rd Gen ကိုတော့ ခုလာမဲ့ မတ်လမှာ ထပ်မံမိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ...   လူကြိုက်များပြီး ဟော့ခဲ့တဲ့ iPhone 8 ရဲ့ဒီဇိုင်းကို အလန်းစား Hardware တွေနဲ့ပေါင်းစပ်ပြီး SE-Series တွေကိုထုတ်လုပ်ခဲ့တာတွေ့ရပြီး၊ ခုလာမဲ့ iPhone SE 3rd Gen မှာလည်း ဘယ်လိုဒီဇိုင်းတွေ/ဘယ်လိုအလန်းစားတွေနဲ့ ထွက်ရှိလာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ... Ref : internet
    Snapdragon 8Gen1 Chipset သုံးထားတဲ့ ပထမဆုံး ကွေးခေါက်လို့ရတဲ့ဖုန်း Honor Magic V Qualcom ရဲ့ အမိုက်ဆုံး၊အဟော့ဆုံး နောက်ဆုံးထွက် Chip ဖြစ်တဲ့ Snapdragon 8Gen1 အသုံးပြုထားတာကတော့ Magic V ကပထမဆုံးမဟုတ်ပါဘူး၊ ဒါပေမဲ့ Folding Phone တွေထဲမှာတော့ ပထမဆုံးပါ..  ရုတ်တရက် ကြည့်လိုက်ရင် Secondary Display 25:9 ratio နဲ့လာတဲ့ Galaxy ZFold3 နဲ့ဆင်သလိုရှိပေမဲ့ MagicV ကတော့ 21:9 ratio (6.45") နဲ့ပါ *(Fold3 ထက်တော့ ဗျက်အနည်းငယ်ကျယ်)။ 7.9inches Flexible OLED Display ကို 90Hz (2272x1984px) နဲ့ထွက်ရှိလာပြီး HDR10+, IMAX Enhanced Technology တွေနဲ့ Boost လုပ်လာတာပါ။ Camera ပိုင်းမှာ 50MP Module ၃လုံးနဲ့တပ်ဆင်ထားပါတယ်။    Honor MagicV ကို RAM 12GB/ 256GB(or)512GB ROM နဲ့ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်တွေကတော့ Space Silver, Black နဲ့ Burnt Orange သုံးရောင်ရရှိနိုင်မှာပါ...ဈေးကတော့ 1400 EUR ဝန်းကျင် (မြန်မာငွေ သိန်း၃၀ နီးပါး)ပါ...👀👀 REF:internet

Did You Know ??

    iPhone တွေဟာအမျိုးမျိုးသော ဒီဇိုင်းကာလာ တွေနဲ့လာပေမဲ့ iPhone အနီရောင်တွေရဲ့နောက်မှာ Product Red ဆိုပြီး စာလုံးလေးပါတာ သတိထားမိကြပါသလား...👀👀 အဲ့တာကတော့ Apple ဟာ Product Red လို့ခေါ်တဲ့ AIDS ရောဂါသည်တွေကိုကူညီ‌ထောက်ပံ့ပေးတဲ့ Foundation တစ်ခုနဲ့ 2006 ခုနှစ်မှာစပြီး Partership လုပ်ခဲ့ပါတယ်။    Apple ဟာ Product Red ပါတဲ့ Product တစ်ခုရောင်းရတိုင်း USD $10 Donate လုပ်ပါတယ်၊ 2006 ခုနှစ်ကစပြီး ယနေ့ထိ Red Product ကနေ $270M ကျော်လှူဒါန်းခဲ့ပြီးပါပြီ။ Red Product တွေဟာ iPhone တစ်မျိုးတည်းမဟုတ်ပါဘူး၊ iPhone Red Case, Apple Watch,iPod Touch နဲ့ Red Beats Headphone,Red Beats Portable Speaker စတဲ့ Apple Product တွေမှာပါဝင်ပါတယ်...   ဒါကြောင့် Apple Red Product တွေကိုင်ထားတယ်ဆိုရင် ဂုဏ်ယူလိုက်ပါနော်