iPhone တွေဟာအမျိုးမျိုးသော ဒီဇိုင်းကာလာ တွေနဲ့လာပေမဲ့ iPhone အနီရောင်တွေရဲ့နောက်မှာ Product Red ဆိုပြီး စာလုံးလေးပါတာ သတိထားမိကြပါသလား...👀👀
အဲ့တာကတော့ Apple ဟာ Product Red လို့ခေါ်တဲ့ AIDS ရောဂါသည်တွေကိုကူညီထောက်ပံ့ပေးတဲ့ Foundation တစ်ခုနဲ့ 2006 ခုနှစ်မှာစပြီး Partership လုပ်ခဲ့ပါတယ်။
Apple ဟာ Product Red ပါတဲ့ Product တစ်ခုရောင်းရတိုင်း USD $10 Donate လုပ်ပါတယ်၊ 2006 ခုနှစ်ကစပြီး ယနေ့ထိ Red Product ကနေ $270M ကျော်လှူဒါန်းခဲ့ပြီးပါပြီ။
Red Product တွေဟာ iPhone တစ်မျိုးတည်းမဟုတ်ပါဘူး၊ iPhone Red Case, Apple Watch,iPod Touch နဲ့ Red Beats Headphone,Red Beats Portable Speaker စတဲ့ Apple Product တွေမှာပါဝင်ပါတယ်...
ဒါကြောင့် Apple Red Product တွေကိုင်ထားတယ်ဆိုရင် ဂုဏ်ယူလိုက်ပါနော်
Comments
Post a Comment