Skip to main content

Posts

      Touch Assistant ကို ဘာကြောင့်ဆက်ထည့်ထားပြီး၊ ဘယ်လိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်သလဲ?      iPhone 8/8plus နောက်ပိုင်း Physical Home Button မပါဝင်လာတော့တဲ့အခါ Virtual Home Button လို့ခေါ်တဲ့ Touch Assistant လေးဟာ မနှိပ်ရမနေနိုင်တဲ့ သူတွေအတွက် အစားထိုးနှိပ်စရာတစ်ခုဖြစ်လာပါတယ်..             iOS 5 ကစပြီးတော့ ပါဝင်လာတဲ့ Touch Assistant ဟာ နေ့စဥ်အသုံးပြုနေကျ Essential Shotcuts တွေ/ လုပ်ဆောင်ချက်တွေကို Customized လုပ်ထည့်သွင်းနိုင်ပြီး၊ User တွေအနေနဲ့ Daily Tasks တွေကို အဆင်ပြေမြန်ဆန်စွာလုပ်နိုင်ပါတယ်၊ ဒါကြောင့် မဖိရ/မနှိပ်ရ မနေနိုင်တဲ့ IOS User တွေအတွက် Virtual Home Button ဟာ အကောင်းဆုံး အစားထိုးစရာဖြစ်လာပါတယ်...
Recent posts
    iPhone SE 3rd Gen မတ်လထဲထွက်လာတော့မှာလား ??     Apple က iPhone SE ရဲ့ ပထမဆုံးမော်ဒယ်ကို  2016,March လမှာစတင်ပြီး မိတ်ဆက်ခဲ့ပါတယ်။ ‌သေးငယ်ကျစ်လစ်ပြီး၊ ဈေးသက်သာတဲ့ iPhone ကိုင်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်ခဲ့တဲ့ SE Series ကို 1st Gen ထွက်ပြီး ၄နှစ်အကြာမှာ iPhone SE 2nd Gen ထွက်လာခဲ့ပါတယ်၊ Price to Performance ကောင်းကောင်းနဲ့ တော်တော်များများကြိုက်ခဲ့တဲ့ iPhone SE ရဲ့ 3rd Gen ကိုတော့ ခုလာမဲ့ မတ်လမှာ ထပ်မံမိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ...   လူကြိုက်များပြီး ဟော့ခဲ့တဲ့ iPhone 8 ရဲ့ဒီဇိုင်းကို အလန်းစား Hardware တွေနဲ့ပေါင်းစပ်ပြီး SE-Series တွေကိုထုတ်လုပ်ခဲ့တာတွေ့ရပြီး၊ ခုလာမဲ့ iPhone SE 3rd Gen မှာလည်း ဘယ်လိုဒီဇိုင်းတွေ/ဘယ်လိုအလန်းစားတွေနဲ့ ထွက်ရှိလာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ... Ref : internet
    Snapdragon 8Gen1 Chipset သုံးထားတဲ့ ပထမဆုံး ကွေးခေါက်လို့ရတဲ့ဖုန်း Honor Magic V Qualcom ရဲ့ အမိုက်ဆုံး၊အဟော့ဆုံး နောက်ဆုံးထွက် Chip ဖြစ်တဲ့ Snapdragon 8Gen1 အသုံးပြုထားတာကတော့ Magic V ကပထမဆုံးမဟုတ်ပါဘူး၊ ဒါပေမဲ့ Folding Phone တွေထဲမှာတော့ ပထမဆုံးပါ..  ရုတ်တရက် ကြည့်လိုက်ရင် Secondary Display 25:9 ratio နဲ့လာတဲ့ Galaxy ZFold3 နဲ့ဆင်သလိုရှိပေမဲ့ MagicV ကတော့ 21:9 ratio (6.45") နဲ့ပါ *(Fold3 ထက်တော့ ဗျက်အနည်းငယ်ကျယ်)။ 7.9inches Flexible OLED Display ကို 90Hz (2272x1984px) နဲ့ထွက်ရှိလာပြီး HDR10+, IMAX Enhanced Technology တွေနဲ့ Boost လုပ်လာတာပါ။ Camera ပိုင်းမှာ 50MP Module ၃လုံးနဲ့တပ်ဆင်ထားပါတယ်။    Honor MagicV ကို RAM 12GB/ 256GB(or)512GB ROM နဲ့ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်တွေကတော့ Space Silver, Black နဲ့ Burnt Orange သုံးရောင်ရရှိနိုင်မှာပါ...ဈေးကတော့ 1400 EUR ဝန်းကျင် (မြန်မာငွေ သိန်း၃၀ နီးပါး)ပါ...👀👀 REF:internet

Did You Know ??

    iPhone တွေဟာအမျိုးမျိုးသော ဒီဇိုင်းကာလာ တွေနဲ့လာပေမဲ့ iPhone အနီရောင်တွေရဲ့နောက်မှာ Product Red ဆိုပြီး စာလုံးလေးပါတာ သတိထားမိကြပါသလား...👀👀 အဲ့တာကတော့ Apple ဟာ Product Red လို့ခေါ်တဲ့ AIDS ရောဂါသည်တွေကိုကူညီ‌ထောက်ပံ့ပေးတဲ့ Foundation တစ်ခုနဲ့ 2006 ခုနှစ်မှာစပြီး Partership လုပ်ခဲ့ပါတယ်။    Apple ဟာ Product Red ပါတဲ့ Product တစ်ခုရောင်းရတိုင်း USD $10 Donate လုပ်ပါတယ်၊ 2006 ခုနှစ်ကစပြီး ယနေ့ထိ Red Product ကနေ $270M ကျော်လှူဒါန်းခဲ့ပြီးပါပြီ။ Red Product တွေဟာ iPhone တစ်မျိုးတည်းမဟုတ်ပါဘူး၊ iPhone Red Case, Apple Watch,iPod Touch နဲ့ Red Beats Headphone,Red Beats Portable Speaker စတဲ့ Apple Product တွေမှာပါဝင်ပါတယ်...   ဒါကြောင့် Apple Red Product တွေကိုင်ထားတယ်ဆိုရင် ဂုဏ်ယူလိုက်ပါနော်

Google determined to ruin Gmail

  ❝ Gmail App ကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တဲ့ Google ❞ Gmail ဆိုတာ ကျနော်တို့ နေ့စဥ◌်သုံးနေကျ ရိုးရှင်းလွယ်ကူပီး၊ အသုံးပြုရတာ အဆင်ပြေတဲ့ Google ရဲ့ Mail App တခုပါ။ ပီးခဲ့တဲ့ရက်ပိုင်းက Google ကနေပီး Gmail ကိုဖျက်သိမ်းဖို့ကြေငြာလိုက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ Gmail အစား၊ ❝G Suite❞ ဆိုတဲ့ Mail, Chat, Rooms and Meet စတဲ့ Features တွေပေါင်းထားတဲ့ Program တခုကို အစားထိုးဖို့အတွက်ပါ။ Google ရဲ့အဆိုအရ ရိုးရှင်းလွယ်ကူပီး၊ Multitasking အတွက် အရမ်းအဆင်ပြေမယ်လို့ဆိုပါတယ်၊ သူ့ရဲ့အဓိကရည်ရွယ်ချက်က မတူညီတဲ့ Communication Platform Component တွေကို G-Suite တခုထဲကနေပဲ Access လုပ်နိုင်အောင်လို့ပါ။ တော်တော်လေးကိုအသုံးတည့်လိမ့်မယ်လို့လည်းမြင်မိပါတယ်၊ iOS အတွက်လည်းရမယ်လို့ပြောထားပါတယ်(နည်းနည်းတော့နောက်ကျနိုင်) Gmail နဲ့ ရင်းနှီးနေကြတဲ့ကျနော်တို့အနေနဲ့ Google ရဲ့နောက်ထပ်အပြောင်းအလဲတခုနဲ့ အသားကျနိုင်ပါ့မလားဆိုတာ . . .

ထွင်းဖောက်မြင်နိုင်တဲ့ တီဗွီ

  ❝ Xiaomi ကနေပီး $7,000 တန် LUX Transparent OLED TV (ဖန်သားပြင်လို) ထွင်းဖောက်မြင်ရတဲ့ TV ကိုထုတ်ဖော်ပြသခဲ့ ❞ ခေါင်းစဥ◌်ကနည်းနည်းရူးနှမ်းတယ်ထင်ရပေမဲ့ တကယ်ပဲ Xiaomi ကနေပီး မိတ်ဆက်ခဲ့တာပါ ____________________ Xiaomi ရဲ့အဆိုအရ လေထဲမျောလွင့်နေတဲ့ပုံရိပ်တွေကိုကြည့်ရှုရသလို (လုံးဝ)စွဲမက်ဖွယ်ရာအတွေ့အကြုံသစ်ကို ခံစားစေရမယ်လို့ ဆိုထားပါတယ်၊ လုံးဝ နောက်ဆုံးပေါ်ဆိုတဲ့အတိုင်း ဈေးကလည်း တရုတ်ယွမ် 50,000 ($7,200) ဆိုတော့ . . . ဝေါင်း . . ဝေါင်း (တရုတ်မှာ Aug 16 စရောင်းမှာပါတဲ့) Specs ကလည်း သေလောက်ပါတယ် >>> ~ 120Hz (Refresh Rate) နဲ့ 55လက်မ OLED Display ~ 150000:1 Contrast Ratio ~ DCI-P3 93% color spectrum Support ~ 1ms Pixel Response time ~ Premium Dolby Atmos နဲ့ပါ ဒီလို (ဖန်သားပြင်လို) ထွင်းဖောက်မြင်ရတဲ့ TV မျိုးကို Xiaomi ကပထမဆုံးစခဲ့တာတော့မဟုတ်ပါဘူး၊ သူ့အရင် LG ရဲ့ 55EW5F-A Model တခုထွက်ခဲ့ဖူးပါသေးတယ်၊ Transparent TV တွေကို ပြတိုက်တွေ၊ ဈေးဝယ်စင်တာတွေနဲ့ ရုပ်ရှင်ရုံတွေ အပြင် အိမ်တွေမှာ အလှဆင်အနေနဲ့ထားဖို့ ရည်ရွယ်ခဲ့တာပါ၊ ဒီ Transparent Edition ကို China အပြင် US နဲ့ တ...

GALAXY S20 Series Pre-Order

❝ SAMSUNG Galaxy NOTE 20 SERIES Pre-Order Available Now ❞ Aug 6 ကမှမိတ်ဆက်သွားတဲ့ Galxay Note 20/20 Ultra ကို စင်ဒရဲလား မှာ Pre-Order တင်နိုင်ပီနော် စရံငွေ ၁သိန်းပေးသွင်းပီး Pre-Order တင်နိုင်မှာပါ (6.8.2020 ~ 26.8.2020) ရက်နေ့ထိ။ လက်ဆောင်တွေအနေနဲ့က >>> ~ NOTE 20 ULTRA ဆိုရင် Galaxy Buds Live ~ NOTE 20 ဆိုရင် Galaxy Buds+ လက်ဆောင်ရရှိမှာပါ ရနိုင်မဲ့အရောင်တွေကတော့ >>> ~ NOTE 20 ULTRA ဆိုရင် Mystic Bronze, Mystic Black, Mystic White ~ NOTE 20 ဆိုရင် Mystic Bronze, Mystic Grey, Mystic Green စျေးနှုန်းတွေအနေနဲ့ ++++++++++++++++++ GALAXY NOTE 20 ULTRA - 1,659,000 MMK GALAXY NOTE 20 - 1,299,000 MMK

Apple 12 မှာ RAM များများနဲ့ထွက်လာမှာလား?

Apple ရဲ့ထွက်ခဲ့သမျှ iPhone တွေထဲမှာ RAM အများဆုံးသုံးပေးမယ်လို့ သတင်းထွက်လာတဲ့ iPhone 12 နဲ့ 12 Pro .   Android သမားတွေအတွက် RAM တို့ဘာတို့က သိပ်မထူးဆန်းတော့ပေမဲ့ IOS User တွေအတွက်တော့ တော်တော်ကို စိတ်ဝင်စားစရာအပြောင်းအလဲပါ။ ခုနောက်ဆုံးထွက်ထားတဲ့ Flaship ကြီး 11 Pro Max မှာတောင် RAM 4GB ဆိုတာအလွန်ဆုံးပါ၊ IOS User တွေအနေနဲ့လည်း RAM ပိုင်းကို အထူးတလည်ပြောကြတာမျိုးလည်းမရှိပါဘူး....     သို့ပေမဲ့ ခု Apple ရဲ့ မော်ဒယ်အသစ် iPhone 12နဲ့ 12 Pro မှာ Ram4GB/Ram6GB စီအသီးသီးပါလာမယ်လို့ Leaks လေးတွေထွက်ထားပါတယ်၊ AppleInsider ရဲ့ Twitter မှာ တင်ထားတဲ့ပုံအရတော့ တော်တော်လေးကို နီးစပ်ပါတယ်၊ ထွက်လာလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။    ဆိုတော့ iPhone အသစ်တွေဟာ ပိုပီး Powerful ဖြစ်လာမယ်၊ Multasking ပိုလုပ်လာနိုင်မယ် လို့ထင်မိပါတယ်ဗျ။ REF:Internet