Skip to main content

Android & IOS Memory Compare

iOS နဲ့ Android တို့ တိုက်ပွဲဟာ ဒီနေ့အထိ ပြင်းထန်နေဆဲပါ။ ဘယ်သူက ဘယ်သူ့ထက်သာသလဲဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းအရင်းက ရှိမှာပါ။ ဒါပေမယ့် ကိုယ့်လိုအပ်ချက်အတွက် ဘယ်တခုက ပိုကောင်းသလဲဆိုတာ မပြီးဆုံးစတမ်း (ကျနော်တို့အပါအဝင်) နှိုင်းယှဉ်နေတာကိုတော့ တားလို့ရနိုင်မယ်မထင်ပါ။
   မည်သည့် စက်မောင်းစနစ် OS က ပိုပြီး လုံခြုံစိတ်ချရပါ့မလဲ၊ ဘာကြောင့် iOS apps က Android Apps ထက်ယေဘူယျအားဖြင့် ပို​ကောင်းရသလဲ၊ စတဲ့မေးခွန်းတွေနဲ့ ကျနော်တို့ စူးစမ်းကြတယ်။ ဒါပေမယ့် ခင်ဗျားတို့ သတိမပြုမိတာတခုက ဒီမှာပါ။ iOS device တွေဟာ Android device တွေထက် RAM ထက်ဝက်(ထက်ဝက်အောက်နည်း) သာရှိကြတာပါ။ ဒါဟာ ဘာကြောင့့်ပါလဲ။

နှိုင်းယှဉ်ကြည့်ရင် ၂၀၁၇ နိုဝင်ဘာထုတ် OnePlus 5T ဆိုရင် RAM သုံးထားတာ 8GB တဲ့။ ဒါပေမယ့် သူ့လို highend ပဲ ၂၀၁၇ အောက်တိုဘာထုတ် iPhone X မှာ 3GB ပဲရှိတယ်။ ၂၀၁၇ စက်တင်ဘာထုတ် iPhone 8 plus မှာလည်း 3GB ပဲ။ iPhone 8 ဆိုရင် 2GB ပဲရှိတယ်။ 2GB RAM သုံးတာ ၂၀၁၆ ထုတ် iPhone 6s ကနေ 8 အထိပဲ။ ဘာပြဿနာမှမရှိဘူး။ ၂၀၁၇ ဧပြီထုတ် Galaxy S8+ လည်း 6GB ပဲ။ ၂၀၁၇ အောက်တိုဘာထုတ် Google Pixel 2XL က 4GB သုံးတယ်။ ၂၀၁၄ ထုတ် iPhone 6 ဆို 1GB နဲ့ပဲ နောက်ဆုံးထုတ်iOS 11 ကို Run နေနိုင်တာပါပဲ။

    #Android_device_တွေက_RAM_ပမာဏ_အများကြီးလိုအပ်ရခြင်းအကြောင်း

အဦးအစကတည်းက Android ကို ပရိုဆက်ဆာ အမျိုးအစားအစုံ၊ ထုတ်လုပ်သူ အမျိုးမျိုး၊ Hardware ဖွဲ့စည်းပုံအမျိုးမျိုးကို ထောက်ပံ့နိုင်အောင် ဒီဇိုင်းထုတ်ထားရတာပါ။ software တခုကို System တခုအတွက် ရေးထားလျှင် ဒီ software ကို အခြား system မှာ run လို့မရဘူး။ ဒါပုံမှန်ပဲ။ Run ချင်ရင်တော့ အခြား system နဲ့ကိုက်ညီမှုရှိအောင် software ကိုပြန်ရေးရတော့မယ်။ အလုပ်ရှုပ်ပြီ။ ဒါကို ကျော်လွှားဘို့လို့ Android Apps တွေကို Java platform မှာ ရေးကြရတော့တယ်။ Java က အတော်အသုံးတည့်တယ်။ သူ့ရဲ့ Virtual Machine ကြောင့်ပါပဲ။ Application တခုကို Java ဖြင့် ရေးလိုက်တာနဲ့ အခြားဘယ် system မှာမဆို run လို့ရအောင် Virtual Machine က App ရဲ့ code တွေကို ဘာသာပြန်ပေးတယ်။ runtime တခုတော့ကြာမှာပေါ့။ လူကိုယ်တိုင် ပြန်ရေး ပြန်စုစည်းနေစရာမလိုတော့ဘူး။ Java ရဲ့ Virtual Machine က ကိုယ့်အတွက် ဒါကို ကိုင်တွယ်ပေးသွားတယ်။
   ဒါပေမယ့် တန်ကြေးတခုတော့ ရှိတယ်။ Java ရဲ့ Virtual Machine က ရှုပ်ထွေးတယ်။ RAM ပမာဏအများကြီးလိုတယ်။ Virtual Machine ကိုယ်၌က RAM လိုသလို၊ သူ့မှာ Run လာတဲ့ App အတွက် မူလ Java code ကို ထိန်းသိမ်းထားဘို့နဲ့၊ ဘာသာပြန်လိုက်တဲ့ code ကို system က စီမံဘို့လည်း RAM ကလိုပြန်တယ်။ ဒီတော့ RAM လိုအပ်ချက်က ပိုများတာသိပ်သိသာတယ်။
    ဒီအကြောင်းတွေကြောင့်ပဲ စက်ကိုညက်ညက်ညောညောလေးသုံးချင်ရင် အနည်းဆုံး RAM ပမာဏ 4GB ကို အကြံပြုတယ်။ ဒီလောက်မှ မသုံးရင် အနည်းဆုံး 2GB တော့ရှိသင့်တယ်။
  #iOS_device_က_Android_device_ကဲ့သို့_RAM_များများ_မသုံးရခြင်းအကြောင်း

Apple က iOS ဂေဟစနစ်တခုလုံးကို အကြီးအကျယ် ထိန်းချုပ်ဖို့ ကြိုးပမ်းထားပါတယ်။ ခင်ဗျားက iOS သုံးချင်တယ်ဆိုပါစို့၊ ခင်ဗျားမှာ ရွေးချယ်စရာဖုန်း တမျိုးတည်းပဲရှိမယ်။ iPhone ပဲရှိတာပေါ့။ iOS App ကိုရေးချင်ရင်၊ Apple ရဲ့ ကရိယာတွေပဲသုံးရမယ်။ Apple နည်းလမ်းအတိုင်း ရေးပေတော့။ Apple ကတော့ စည်းမျဉ်းတွေ တင်းကျပ်ထားတယ်။

ဒါပေမယ့် ဒီလိုလုပ်ထား​တော့လည်း အကျိုးတွေအများကြီးရှိနေတယ်။

သူတို့ရဲ့ OS ကို run မယ့် device တခုရဲ့ အသေးစိတ်တွေကို Apple ကကောင်းကောင်းကြီး အတိအကျသိရှိထားတော့၊ သူတို့ OS ရဲ့ ဒီဇိုင်းကို လိုသလိုလုပ်နိုင်တယ်။ ဥပမာ – Android ဆိုရင် Processor အမျိုးမျိုးနဲ့ ကိုက်ညီအောင်လုပ်နေရချိန်မှာ၊ iOS ကတော့ သူတို့ရဲ့ ARM အခြေခံ procesaor တခုတည်းမှာပဲ run တယ်။ ဆိုလိုတာက ကိုယ်စိတ်ကြိုက်တည်ဆောက်ထားတဲ့ Processor ပေါ်မှာ ကိုယ့်စိတ်ကြိုက် OS ကိုမောင်းနှင်တော့ ဘာမှ မကိုက်ညီစရာမရှိတော့ဘူးပေါ့။

iOS အနေနဲ့ Android လို code တွေကို ချက်ချင်းဘာသာပြန်ဖို့virtual machine လည်းမလိုဘူး။ App တွေအားလုံးကို compile လုပ်တာလည်း ကိုယ့် code နဲ့ကိုယ်ပဲ။ ဒီ code ကို တိုက်ရိုက် hardware ပေါ်မောင်းလိုက်ရုံပဲ။ virtual machine ကို မလိုအပ်ဘူးဆိုတဲ့ အဓိပ္ပါယ်က RAM ပမာဏ သိပ်မသုံးဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။
ဒါ့အပြင် iOS ရဲ့ memory အစီအမံက တမူထူးခြားတယ်။ Android က memory ကို OS ကကိုင်တွယ်ပေမယ့်၊ iOS ကတော့ App တွေကို ကိုင်တွယ်စေတယ်။ App တွေကို သူတို့စိတ်ကြိုက် memory တွေသုံးခွင့်ပြုမယ်၊ ပြီးတော့ OS ကလိုက်ရှင်းလင်းမယ်။ ဒီလိုလုပ်မယ့်အစား App တွေကို သူတို့လိုမယ့် memory ကို ကိုယ်တိုင်နေရာချပြီး ကိုယ်တိုင်ဖယ်ရှားရှင်းလင်းစေတယ်။ iOS က ဒီအလုပ်ကိုမလုပ်ဘူး။
အချုပ်ပြောရရင်၊ iOS မှာ RAM နည်းတာဟာ စွမ်းဆောင်ရည် ညံ့တဲ့အဓိပ္ပါယ်မဆောင်ဘူး။ iOS မှာ သီးခြား memory ကို ကိုင်တွယ်တဲ့နည်းလမ်းရှိတယ်။ Android လို Virtual Machine ပေါ် လုံးဝ အားမထားနေဘူးဆိုတာကြောင့်ပဲဖြစ်ပါတယ် ။

#Credit

Comments

Popular posts from this blog

Google determined to ruin Gmail

  ❝ Gmail App ကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်တဲ့ Google ❞ Gmail ဆိုတာ ကျနော်တို့ နေ့စဥ◌်သုံးနေကျ ရိုးရှင်းလွယ်ကူပီး၊ အသုံးပြုရတာ အဆင်ပြေတဲ့ Google ရဲ့ Mail App တခုပါ။ ပီးခဲ့တဲ့ရက်ပိုင်းက Google ကနေပီး Gmail ကိုဖျက်သိမ်းဖို့ကြေငြာလိုက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ Gmail အစား၊ ❝G Suite❞ ဆိုတဲ့ Mail, Chat, Rooms and Meet စတဲ့ Features တွေပေါင်းထားတဲ့ Program တခုကို အစားထိုးဖို့အတွက်ပါ။ Google ရဲ့အဆိုအရ ရိုးရှင်းလွယ်ကူပီး၊ Multitasking အတွက် အရမ်းအဆင်ပြေမယ်လို့ဆိုပါတယ်၊ သူ့ရဲ့အဓိကရည်ရွယ်ချက်က မတူညီတဲ့ Communication Platform Component တွေကို G-Suite တခုထဲကနေပဲ Access လုပ်နိုင်အောင်လို့ပါ။ တော်တော်လေးကိုအသုံးတည့်လိမ့်မယ်လို့လည်းမြင်မိပါတယ်၊ iOS အတွက်လည်းရမယ်လို့ပြောထားပါတယ်(နည်းနည်းတော့နောက်ကျနိုင်) Gmail နဲ့ ရင်းနှီးနေကြတဲ့ကျနော်တို့အနေနဲ့ Google ရဲ့နောက်ထပ်အပြောင်းအလဲတခုနဲ့ အသားကျနိုင်ပါ့မလားဆိုတာ . . .
    iPhone SE 3rd Gen မတ်လထဲထွက်လာတော့မှာလား ??     Apple က iPhone SE ရဲ့ ပထမဆုံးမော်ဒယ်ကို  2016,March လမှာစတင်ပြီး မိတ်ဆက်ခဲ့ပါတယ်။ ‌သေးငယ်ကျစ်လစ်ပြီး၊ ဈေးသက်သာတဲ့ iPhone ကိုင်ချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်ခဲ့တဲ့ SE Series ကို 1st Gen ထွက်ပြီး ၄နှစ်အကြာမှာ iPhone SE 2nd Gen ထွက်လာခဲ့ပါတယ်၊ Price to Performance ကောင်းကောင်းနဲ့ တော်တော်များများကြိုက်ခဲ့တဲ့ iPhone SE ရဲ့ 3rd Gen ကိုတော့ ခုလာမဲ့ မတ်လမှာ ထပ်မံမိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ...   လူကြိုက်များပြီး ဟော့ခဲ့တဲ့ iPhone 8 ရဲ့ဒီဇိုင်းကို အလန်းစား Hardware တွေနဲ့ပေါင်းစပ်ပြီး SE-Series တွေကိုထုတ်လုပ်ခဲ့တာတွေ့ရပြီး၊ ခုလာမဲ့ iPhone SE 3rd Gen မှာလည်း ဘယ်လိုဒီဇိုင်းတွေ/ဘယ်လိုအလန်းစားတွေနဲ့ ထွက်ရှိလာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ... Ref : internet

နောက်ထပ် Galaxy Series အသစ်

နောက်ထပ် Galaxy Series အသစ်ကို August 5th မှာတရားဝင်မိတ်ဆက်တော့မဲ့ Samsung.    ဒီနှစ်ထဲမှာ Samsung ရဲ့ Product ကြီးကြီးမားမား တွေကိုမိတ်ဆက်ခဲ့တာတော်တော်များပါတယ်၊ဥပမာ-Galaxy Z-Flip တို့ S20 တို့ကို ဒီနှစ်အစောပိုင်းမှာမိတ်ဆက်ခဲ့ပီး၊ ဒီတစ်ခါမှာတော့ Galaxy Fold 2 တို့ Note 20 တို့ကိုထပ်မံတွေ့မြင်ရဖို့ရှိပါတယ်။      Samsung အနေနဲ့ Unpack Offline Event ပွဲတွေကို ကြီးကြီးမားမားပြုလုပ်လေ့ရှိပေမဲ့၊ ဒီတခါမှာတော့ Online Unpack Event အနေနဲ့ပဲ LIVE လုပ်သွားမယ်လို့ကြေငြာထားပါတယ် (Covid 19 ကြောင့်)။ August 5th (10:00am EST) ဆိုတော့ ည 8:30pm လောက်မှာ Officially Unpack လုပ်သွားမှာပါ။    ခုလာမဲ့  Galaxy Unpacked event မှာတွေ့မြင်ရဖို့ရှိတာကတော့    Galaxy Z Flip 5G ,  Galaxy Note 20 /20 Ultra  ,  Galaxy Z Fold 2 ,  Galaxy Tab S7  နဲ့ Galaxy Watch 3 တို့ပါ။    Galaxy Note 20 ကို 60Hz 1080P Display, Exynos 990, 25W Fast Charging (4000mAh Battery), ကင်မရာပိုင်းက S20နဲ့ တော်တော်လေးဆင်မယ် /  Note20 Ultra မ...